Tuesday, August 19

Invasion of PrIvAcY

Come on!
Don't you have anything to do?
Is it your habit or manner to invade people's privacy?
Or what?

Do you think I am a FOOL.
Stop that.
Don't abuse my intelligence!!
Don't insult my character!!
Don't think that I will give you up!!
Don't try the patience of a Saint!!

ENOUGH!

It's all ENOUGH!

I can't stand the sight of you anymore
Nor can I believe the tricks and lies of you
I've totally lost the patience of the job
YOU.......such a real INTRUDER!!!
Even if you don't have the impact on some of my thoughts ...
How are you going to dominate my life.
What a joke!!

You know what?
I, Myself is going to programme my future
With my own two hands.



chaos

Wednesday, August 13

13ရက်နေ့အတွက်



Your smile makes me feel shy,


Your love makes me blind,

Your eyes shine when I say you are mine;

But.....................be careful of Lady Luck

She can destroy our love....

chaos

ကံကြမ္မာဆိုတဲ့ ဘွားတော်က တစ်ခါတစ်ခါ ဘာမှန်းမသိတဲ့ လက်နက်ပုန်းတွေ ထုတ်ထုတ်သုံးတယ်ဗျာ။
မထင်မှတ်ထားတာဆို သူက သိပ်လုပ်ပြတတ်ချင်တာ။ ပြောကို မပြောချင်ဘူး။ ပြောတော့ပြောလိုက်ပီ

Tuesday, July 29

မျက်ရည်



ပူလောင်မှုနဲ့ နာကျင်နေတဲ့
နှလုံးသားရဲ့ ဒေါင့်တစ်နေရာက
မြစ်ဖျားခံလို့ကျဆင်းလာတာလား
နာကျင်မှုနဲ့ ယောင်ချာချာဖြစ်နေတဲ့
ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို
ခဏသာ ရပ်တန့်ဖြစ်ဖို့
တဒင်္ဂ အမည်ခံလိုက်တဲ့
အမည်နာမ တစ်ခုများလား

မျက်ဝန်းတစ်စုံက စီးဆင်းနေတဲ့
နွေးထွေးမှုရယ်လို့ မမည်နိုင်တဲ့
ကျဆင်းနေတဲ့ မျက်ရည်တွေ…..
ခံစားလွယ်တဲ့
ခံစားနိုင်လွန်းတဲ့
ခံစားတတ်တဲ့
နှလုံးသားက
နာနာကျင်ကျင်နဲ့ ညှစ်ထုတ်နေပါရောလား

အသက်ရှူမှားမတတ်
နှလုံးသားတစ်စုံကို
ကိုင်လှုပ်နေတဲ့
အချစ်…
နှစ်လုံးတည်းသာဖြစ်တည်လာတယ်
အကျိုးဆက် ရလာဒ်တွေက
မီးခိုးကြွက်လျှောက် တန်းစီနေပါလား။

ခေးရော့စ်

Wednesday, July 16

၁၉ ဇူလိုင်

လူတစ်ချို့က ပြောကြတယ်။ နင်တို့ဘလော့ဂါတွေက စာရေးဖို့ဂွင်ချောင်းနေကြတာတဲ့။ ဟိုနေ့ဆိုလဲစပ်စပ်၊ ဒီနေ့ဆိုလဲစပ်စပ် နေရာတကာ နင်တို့ပါတယ်တဲ့။ တကယ်တမ်းတော့ ဘလော့တစ်ခုဆိုတာ ကျွန်မအတွက်တော့ ပွင့်လင်းတဲ့ လျှို့ဝှက်ချက်တွေ စုစည်းထားတဲ့ ဒိုင်ယာရီပါပဲ။ ကျွန်မရဲ့ ချစ်ခြင်း၊ ၀မ်းနည်ခြင်း၊ ကြေကွဲခြင်းတွေ စုစည်းထားရာနေရာလေး ဆိုလဲမမှားပါဘူး။ နောက်.....ကျွန်မအတွက် အရေးပါတဲ့ လူပုဂ္ဂိုလ်တစ်ချို့ကို ကျွန်မမြတ်နိုးစွာ စာဖွဲ့၊ ကဗျာတွေရေးပီး တင်ထားတဲ့ နေရာလို့လဲ ပြောလို့ရတယ်။ ရှင်းရှင်းပြောရရင် လူများယောင်လို့ လိုက်ယောင်ပြီး နေ့ထူးနေ့မြတ်တွေကို ချောင်းနေတာ မဟုတ်ရပါဘူးရှင်။ ကောင်းတဲ့ကိစ္စ သေးသေးလေးတစ်ခုကိုပဲလုပ်လုပ်၊ မကောင်းတဲ့ကိစ္စ တစ်ခုကိုပဲလုပ်လုပ်၊ အပြစ်ရှာချင်ရင် အပြစ်တစ်ခုလို မြင်နေချင်တဲ့ လူဆိုတာတော့ ရှိစမြဲပါ။ ထားလိုက်ပါ ခဏ။ ၁၉ ဇူလိုင်ရောက်တော့မယ်။ ဘာလဲဇူလိုင် ၁၉?
ဘာအတွက်ကြောင့် ဇူလိုင် (၁၉)ကို လာမေးနေတာလဲ? လူတိုင်းသိနေတဲ့ ကိစ္စကိုလို့ ပြောချင်ပြောကြလိမ့်မယ်။ မထင်ပါနဲ့ ..........အာဇာနည်နေ့ကို လူတိုင်းအမှတ်မရကြတော့ဘူး။ လူတိုင်းမသိကြတော့ဘူး။ မပြောမရှိနဲ့။ မေ့ချင်သလိုနဲ့ တကယ်မေ့နေကြပါပီ။ ပြန်စဉ်းစားကြည့်ရင် ၀မ်းနည်းဖို့ကောင်းလိုက်တာ။ အမိမြန်မာပြည်ကို လွတ်လပ်ရေးရဖို့ စွမ်းစွမ်းတမံ ကြိုးစားပေးခဲ့တဲ့ ကျွန်မတို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်တွေကို မေ့ထားလိုက်ကြပီလေ။ သမိုင်းဆိုတာ အတိတ်တစ်ခုပေါ့။ ဒါပေမယ့် အတိတ်ကအကြောင်းက မေ့ထားလို့မရဘူးလေ။ အတိတ်မေ့ချင်ယောင်ဆောင်နေတယ်ဆိုရင်တော့လဲ တစ်မျိုးပေါ့လေ။ ပစ္စုပ္ပန်မှာ တတ်စွမ်းသလောက် အားထုတ်၊ ပြီးတော့ အတိတ်ကပေးတဲ့ သင်ခန်းစာကိုနာယူ၊ အနာဂတ်က လက်တစ်ကမ်းမှာ အကောင်းဆုံး ပြင်ဆင်ပြီး ရင်ဆိုင်ကြရမှာပဲ။ သမိုင်းဆိုတာ လူတစ်ယောက်အတွက်၊ နိုင်ငံတစ်နိုင်ငံအတွက်၊ ကမ္ဘာမြေကြီးတစ်ခုလုံးအတွက်တော့ အရေးပါနေတာပါပဲ။ ဒါဆို မြန်မာပြည်ရဲ့ ဟိုးအရင်နှစ်ပေါင်းများစွာက သူတစ်ပါးနိုင်ငံကို ကျူးကျော်၊ အုပ်ချုပ်မင်းလုပ်ပြီး ဂုတ်သွေးစုပ်ခဲ့ကြတဲ့ နယ်ချဲ့အရင်းရှင်တွေကို မြန်မာ့မြေပေါ်ကနေ မောင်းထုတ်ပေးနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံရတဲ့ ၁၉ ဇူလိုင်ကရော သမိုင်းမှာအရေးပါတဲ့ နေ့တစ်နေ့ဖြစ်ခဲ့သလို အခုလဲအရေးပါနေတယ်။ နောက်နောင် နောင်လာနောက်သားတွေသာ မမေ့သွားကြရင်လည်း ဆက်ပြီးအရေးပါနေမှာပဲ။ ဒါဆို မမေ့သွားအောင်လည်း လက်ဆင့်ကမ်း သတိပေးနေရမယ့် တာဝန်ကလည်း ကျွန်မတို့မှာ အပြည့်ရှိနေတယ်။ ကျွန်မတယ်ရင်း ကောင်မလေးတစ်ယောက်က စာသင်ပေးတယ်လေ။ သူ့ကို သူ့တပည့်လေးက မေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မန်းလေးနန်းတွင်းမှာ နေခဲ့တာလားတဲ့။ ကြားကြားချင်းတော့ ရီလိုက်မိတယ်။ တကယ်တမ်းပြောရရင် စိတ်မကောင်းစရာပဲ။ ဗိုလ်ချုပ်အကြောင်းကို မေ့နေကြပီဖြစ်သလို၊ ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ (၁၃)ဆိုတာ မေ့တာမှ လာလား မပြောပါနဲ့တော့ပေါ့နော်။ ဖေဖော်ဝါရီ (၁၄)ကိုကျတော့ လူတွေက ဗယ်လန်တိုင်းနေ့တဲ့။ ချစ်သူများနေ့တဲ့။ မှတ်မှတ်ရရ ကိုယ်နဲ့မဆိုင်လဲ ဂလိုဘယ်လိုင်ဇေးရှင်း။ ကမ္ဘာကြီးမှာဖြစ်ပျက်သမျှ ခေတ်နဲ့အညီဖြစ်နေရမယ်တဲ့။ အဟား။ ရီချင်လိုက်တာ။ ကိုယ့်နိုင်ငံရဲ့ သမိုင်းကိုတောင် မသိမေ့နေတဲ့လူတစ်ယောက်က ဘာလဲကမ္ဘာနဲ့ရင်ဘောင်တန်းမယ်။ ကျွန်မ မြန်မာလူမျိုးတစ်ယောက် မဟုတ်ဘူး။ ကျွန်မ ဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ မြန်မာ့မြေပေါ်မှာ ကြီးပြင်းလာတယ်။ မြန်မာ့ရေကိုသောက်နေတဲ့ မြန်မာမဟုတ်တဲ့ မြန်မာ့သွေးတစ်ယောက်ပါ။ မျိုးချစ်စိတ်ဓါတ်ရှိတယ်။ နိုင်ငံရေးလုပ်နေတာမဟုတ်တဲ့ နိုင်ငံ့အရေးကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တစ်ယောက်ပါ။ မြန်မာလူငယ်တွေ သိထား၊ နားလည်ရမယ့် မြန်မာ့သမိုင်းမှာအရေးပါတဲ့၊ မြန်မာပြည်သူတွေအတွက် အရေးကြီး ပုဂ္ဂုလ်တွေကို ကျွန်မမမေ့သလို ကျန်ရှိနေသာ အခြားအခြားသော လူများကိုလဲ မမေ့စေချင်တာကတော့ တကယ့်စိတ်ရင်းအမှန်ပါ။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု။

ခေးရော့စ်

Sunday, July 13

သိပ်ချစ်တာ အပြစ်လား

၁၃ရက်နေ့တိုင်းဟာ ကျွန်မအတွက် အမှတ်တရ တစ်ပွေ့တစ်ပိုက်နဲ့ နေ့လေးတစ်နေ့ပေါ။

တကယ်လို့များ မတူညီတဲ့ လူနှစ်ယောက်အတွက် တူညီတဲ့ခံစားမှုတစ်ခုနဲ့ နေ့တစ်နေ့ကို မတူညီတဲ့နေရာ နှစ်ခုကနေ တိတ်ဆိတ်စွာ အမှတ်တရဖြစ်နေမယ်ဆိုရင်..........






အချစ်ဆိုတဲ့
အဓိပ္ပါယ်
မင်း နဲ့တွေ့မှ
ငါ နက်နဲစွာသိလာတယ်....

အချစ်ကြောင့်
ငါ့ဘ၀ဟာ
နေထိလို့လန်းတဲ့
ပန်းတစ်ပွင့်လိုပဲ
လှပလာတယ်.....

အချစ်က သင်ပေးတဲ့
သင်ခန်းစာတွေ
ငါချိုမြိန်စွာ သင်ယူရင်း
အချစ်ရဲ့
ဟိုးအဝေးတစ်နေရာက
အလွမ်းကိုလဲ
သိမ်ငယ်စွာ
ကြောက်ရွံ့နေတယ်.....

တစ်ခါတစ်လေတော့လဲ
အရာအားလုံးကိုကျောခိုင်းလို့
မင်းလက်လေးကိုဆွဲ
အဝေးကိုသွားပြီး
ဘယ်အရာမှမပါ
အချစ်တစ်ခုနဲ့သာ
ဘ၀ကိုဖြတ်သန်းဖို့
စိတ်အားထက်သန်နေမိပြန်ရော...

အချစ်သာပါတဲ့
အချစ်သီးသန်နဲ့
ငါရူးမိုက်စွာ
နူးညံ့စွာ
ရင်ခုန်စွာ
ပျော်ရွှင်စွာနဲ့
အရာရာကိုအာခံမိနေတတ်ပြီကော။

ခေးရော့စ်

Thursday, July 10

ကောင်လေးတစ်ယောက်ကပေးသော သင်ခန်းစာ

နေသာတဲ့ နေ့လေးတစ်နေ့မှာပေါ..........ပင်လယ်ကြီးရဲ့ အရှေ့ဘက်ခြမ်းတစ်လျှောက်မှာ မထင်မှတ်ပဲ အံ့သြစရာတစ်ခု ဖြစ်သွားတယ်။ ၁၄နှစ်၊ ၁၅နှစ်အရွယ် ကောင်လေးအုပ်စု သုံးစုလောက်တွေ့မိကြတယ်။ အထက်တန်းကျောင်းသား အရွယ်လေးတွေပေါ့။ သူတို့အားလုံး အပြေးပြိုင်ဖို့ အတွက် တာဆူနေကြတယ်။ ပထမ အုပ်စုက တစ်အားတက်ကြွနေတယ်။ ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်မယ့် အနိုင်ရချင်တဲ့၊ ခေါင်းဆောင်ဖြစ်ချင်တဲ့ ပုံရိပ်တွေ ထင်ဟပ်နေကြတယ်။ ဒုတိယအဖွဲ့ကတော့ ကောင်လေးစုစုပေါင်း အယောက် (၂၀) လောက်ရှိမယ်။ သူတို့ကို ကြည့်ရတာ ပထမအုပ်စုလောက် တက်တက်ကြွကြွ မရှိကြဘူး။ ပထမအုပ်စုကို တကယ် ယှဉ်နိုင်ပါ့မလား ဆိုတဲ့ အတွေးတောင်ဝင်နေပုံရတယ်။ နောက်ဆုံးတစ်ဖွဲ့ ကောင်လေးတွေက (၁၀) ယောက် မပြည့်တစ်ပြည့်ပဲ။ သူတို့ကတော့ ခေါင်းငိုက်စိုက်ချထားလို့ ဘယ်သူ့ကိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အရှုံးစိတ်ကို နှလုံးသွင်းထားနေလေရဲ့။ အဖွဲ့တွေအားလုံး အပြေးပြိုင်ပွဲအတွက် အာရုံထားနေကြချိန်မှာ ကောင်လေးတစ်ယောက် အေးအေးလူလူ လမ်းလျှောက်နေတယ်။ သပ်သပ်ရပ်ရပ်နဲ့ အားကောင်းမောင်းသန် ကောင်လေးကတော့ အသက်တောင် ပြင်းပြင်းမရှူဘူး။ တစ်ခြားအဖွဲ့တွေရဲ့ ဟိုးးးးးးအနောက်ဘက်မှာ အများကြီး ပြတ်ကျန်နေခဲ့ပေမယ့် အပြုံးမပျက်၊ ယုံကြည်မှု အပြည့်နဲ့ လျှောက်လှမ်းနေလိုက်တာ။ သက်တောင့်သက်သာနဲ့ ကမ်းခြေတစ်လျှောက် ရှုခင်းတွေကို ငေးမောရင်းပေါ့.......... သူ့အတွက်ကတော့ ပြိုင်ပွဲတစ်ခုလို့ မှတ်ယူထားပုံ မပေါ်ဘူး။ နေသာတဲ့ နေ့တစ်နေ့မှာ အလှအပ ခံစားရင်း လမ်းလျှောက်ထွက်လာပုံပဲ။ တစ်ခြားသူတွေလို စည်းကမ်းကလနားတွေနဲ့ ယှဉ်ပြိုင်ခြင်း၊ အနိုင်ရလိုခြင်း ဆိုတာထက် သူ့ပုံစံက ပါဝင်မှုတော့ရှိတယ်... ဒါပေမယ့် ရိုးရှင်းတယ်... မရှုပ်ထွေးဘူး... တကယ့်ကို ရိုးရိုးလေး... လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ လူများတွေ သူ့ကို ဘယ်လိုထင်မယ်၊ ဘယ်လိုတွေးမယ် ဆိုတာကို လုံးဝ အမှုမထားဘူး။
ဒါကတော့ ကျွန်မဖတ်လိုက်ရတဲ့ ဆောင်ပါးလေးတစ်ပုဒ်ကို သင့်လျော်အောင် ကြိုးစားပြီး ဘာသာပြန်ထားတာပါ။
ဒီရှုပ်ထွေး ပွေလီလှတဲ့ လောကကြီးထဲမှာ တစ်နေ့တစ်နေ့ ပြိုင်ဆိုင်မှု၊ ယှဉ်ပြိုင်မှုထဲမှာ နှစ်မြှုပ်ရင်း၊ ရုန်းကန်ရင်း၊ ဘ၀ခရီးကို လေးပင်စွာ လျှောက်လှမ်းနေမိကြတယ်။ ပတ်ဝန်းကျင်၊ လူ့အသိုင်းအ၀ိုင်းရဲ့ လောင်းရိပ်အောက်မှာ ကိုယ့်ရဲ့ ဆန္ဒတစ်စုံတစ်ရာကို မြေမြှုပ်သဂြိုလ်လိုက်ရမယ်ဆိုရင် တကယ်ရော ထိုက်တန်ရဲ့လားဆိုတာ ပြန်စဉ်းစားဖို့ လိုမယ်ထင်တယ်။ တစ်ခါတစ်ခါ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ၊ လွတ်လပ်ပျော်ရွှင်မှုတစ်ခု အများကိုလဲ မထိခိုက်ဘူးဆိုရင် စိတ်ကို ထွက်ပေါက်ပေးသင့်တယ်။ ပြန်စဉ်းစားကြည့်ရင် ဘ၀ဆိုတာ တိုတိုလေးပါ။ စိတ်ကို ထောင်သွင်း အကျဉ်းချပြီး ပိတ်လှောင်ထားမယ့်အစား ပေါ့ပါးလွတ်လွပ်တဲ့ ခံစားမှုလေးတွေကို လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းလေး ကြုံတွေ့နိုင်တယ်ဆိုတာ သတိမထားမိလိုက်ကြဘူး။ ပညာရှိ သတိဖြစ်ခဲလေးဖြစ်သွားတာပါ။ မျှော်လင့်ချက်နဲ့ အသက်ရှင်နေထိုင်နေရတဲ့ ဒီလောကဆိုတဲ့ နေရာတစ်ခုထဲမှာ ယုံကြည်မှုကို မလွတ်တမ်းဆုပ်ကိုင်ရင်း စိတ်ချမ်းမြေ့မှုကိုလဲ မေ့ထားလို့ဘယ်ဖြစ်မလဲနော့.....


ခေးရော့စ်

Thursday, July 3

YoU <= HaPpiNeSs <=LoVe



When the tears run down my cheeks,
I know one thing that I love u indeed.

When I know u love me too deep,
The only thing I can hold is belief.

When u say u can't leave me,
I too have the same feeling not to part from u.

When u say that I'm ur precious thing,
At the same time I too feel that it's my wish & dream.

People will say that never say never,
But I will always murmur that I will love you forever & ever.

ခေးရော့စ်

မှတ်ချက်။ ခေးရော့စ် အကြိတ်အနယ် ခံစားတင်ပြသည်။ :P